သာရေးသတင်းကြားတော့
I am happy
နာရေးသတင်းကြားတော့
I am sorry
ဘဝက happy နဲ့ sorry ကြားမှာပဲ
နေဝင်လိုက်
မိုးချုပ်လိုက်
လုံးချာလည်လိုက်ရင်း
ဘဝအရုပ်ကို
ဓမ္မသရုပ်ခွဲကြည့်တော့
မနုဿဆိုတာ
ပုပ်ပွတတ်တဲ့ခန္ဓာစုလို့မြင်
ဝိညာဥ်မှမပေါင်းစပ်ရင်
နွားကျောင်းသားလက်ထဲက
ရွှံ့ရုပ်သာသာပါပဲလေ
အလိုရှိတိုင်းပြုပါ
သခင်ပြုသမျှနုမှာပါလို့ဝန်ခံရင်း
အိုးထိမ်းရဲ့လက်တော်ထဲမှာ
ဥဿုံမာန်ချရတဲ့ဘဝ
အဲဒီတော့မှ
ဟန်ကျပန်ကျဖြစ်တော့တယ်
ကျေးဇူးပါသခင်ခရစ်အရှင်ရယ်။
ထီးခူ