ဖြစ်တည်ခြင်းတွေပျောက်ရှတဲ့ခဏ ငါဘာလဲကွလို့ပြန်မေးမိတဲ့အခါ
ကြေးမုံပြင်ပေါ်ကအရိပ်လိုပါပဲ
ဘဝဆိုတာရေပေါ်ဆေးချယ်မိတဲ့ပန်းချီကားတချပ်ပါ
ရေကတော့စီးဆင်း နေမြဲပါ
ငါကတော့အိုမင်း နေဆဲပါ
သင်္ခါရကတော့ ငါ့ကို စာသင်စာချပေးရင်း
ပညာသင်ခါစ သူငယ်နှပ်စားလေးလိုပါပဲ
တကွက် တနပ် အတွက်နဲ့
မောင်ငယ်ရင်သွေး လင်္ကာကိုပဲ
ထပ်တလဲလဲ ဖတ်ရွတ်ခိုင်းနေပြန်ရော
ဒါနဲ့ပဲ
အသိဥာဏ်အရွယ်မရောက်သေးတဲ့နှပ်စားယဥ်ကျေးမှုမှာ
ငါပြန်အသားကျစပြုလာတော့
ဘေးကုတင်ကသက်ကြားအိုကငါ့ကိုတိုးတိုးပြောတယ်
ဒီရိပ်သာက အိပ်ယာမဝင်ခင်အရင်ဘုရားဝတ်တက်ရမယ်တဲ့
သြော် ငါမေ့နေတာပဲ
ငါရောက်နေတာKGအတန်းစာသင်ခန်းမှမဟုတ်တာ
Home for the age ရဲ့ Master အခန်းကိုး။
ထီးခူ