ကောင်းကင်ကြီးကို မော့ကြည့်တော့
ကြယ်ကလေးတွေကပြောတယ်..
မိုးတွေမှောင်လို့ သူတို့တွေ မလင်းလက်
နိုင်တော့တဲ့အကြောင်း..
မိုးတွေမှောင်တဲ့အကြောင်း
ဘာ့ကြောင့်လဲလို့ မေးကြည့်ခဲ့ဖူးတယ်..
ရေပြင်ကြီးကို ငေးကြည့်တော့
လှိုင်းလုံးကြီးတွေက ပြောတယ်..
မုန်တိုင်းတွေထန်နေလို့ သူတို့တွေ မောဟိုက်
ပင်ပန်းနေတဲ့အကြောင်း..
မုန်တိုင်းတွေထန်တဲ့အကြောင်း
ဘာ့ကြောင့်လဲလို့ မေးကြည့်ခဲ့ဖူးတယ်..
တချို့လူတွေရဲ့ ရင်ထဲကိုဝင်ကြည့်တော့
သူတို့မျက်ဝန်းတွေကပြောတယ်..
ငိုချင်တာတောင် သူတို့မှာ
မျက်ရည်တွေ ခမ်းခြောက် နေတဲ့အကြောင်း..
ဘာ့ကြောင့် ငိုချင်တာလဲလို့တော့
မေးမကြည့်ဖြစ်ခဲ့တေ့ာဘူး..
ကိုယ်လည်း ငိုခဲ့ဖူးတာပဲလေ! !!
ဒီလိုနဲ့ပဲ...
ဆောင်း.. . မိုး...နွေ
ရာသီတွေ အလီလီပြောင်း
နှစ်.. လ.. ရက်တွေ အလှည့်ကျပတ်ရင်း
နာရီစက္ကန့်တွေ
တရွေ့ရွေ့ ခရီးနှင်နေတုန်းမှာ
လူဟာမောဟိုက်.. ပင်ပန်း.. နွမ်းလျလျနဲ့ပဲ
ဘဝကို ဖာထေး အသက်ဆက်ရင်း
ခပ်ထေ့ထေ့တွေ ပြုံးတတ်လာခဲ့တယ်..
Moses Edge