ညဉ့်နက်နက် လအထွက်မှာ
မှုန်ပြာပြာလရောင်နဲ့အတူ
ညတစ်ည နှစ်ခြိုက်စွာ
အိပ်ယာဝင်သွားခဲ့ပြီ။
အတွေးနယ်
အဝေးမယ်ရောက်နေသူအဖို့တော့
ဝိုးတဝါး နိုးတစ်ဝက်အိပ်မက်နှယ်
ရေးတေးတေးပေါ်လာရိပ်ထင်
အတိတ်တွင် ကျင်လည်နေမိသမို့
ငိုရိပ်ဟန်ထင်......
မအိပ်မီ အတိတ်ဆီမပြေးသင့်
ချင့်ထောက်လို့ စက်ရာဝင်
လှမ်းကာမြင် အနာဂတ်ဆီသို့
မျှော်ရမ်းကာ စိတ်ကိုတင်းပါလို့
ပုလဲကြွေ မြေမခရလေအောင်
ရှင်တော်မြတ်ထံ
တောင်းဆုပန်ကာ
ဆိတ်ငြိမ်ရာ ထိုအရပ်မှာ
ခိုဝင်လို့သာ
မှေးစက်ပါတော့....
ချစ်သော ဆိတ်ငြိမ်...
Acacia