ကမ္ဘာမြေရဲ့တစ်ဖက်ခြမ်းမှာ
လှိုင်းလေခတ်သံတွေကြားရ
အဝေးကြီးထင်နေခဲ့မိတာ
တကယ်တော့
ကိုယ့်ဘဝကမ်းစပ်ကိုလာလာဆောင့်စားလို့
တမလွန်ဆိုတာဘာလဲ
လောကဓံကသင်ပေးခဲ့ပြီ။
လေဝေ့တိုင်း
ကြွေလွင့်တတ်တဲ့သစ်တစ်ရွက်ရဲ့ဘဝ
အညှာခိုင်ခိုင်မခိုင်ခိုင်
ကြွေကျရမယ့်နိယာမရှိတာမို့
ဒီပင်လယ်လှိုင်းကြားလူးလွင့်ရ။
ကိုယ်တိုင်မဖန်တီးဘဲ
ကြုံနေရတဲ့ဒုက္ခကြောင့်
မဆီမဆိုင် ကံကြမ္မာကိုမယိုးသာဘူး။
အသက်တစ်ချောင်းကိုလုဖို့
သောကအပူမီးကိုထွေးပွေ့ရင်း
ဒီပင်လယ်ပြင်ကို
အံကြိတ်ပြီးသာ ကူးခတ်ပစ်တော့မယ်
ဟော....ဟိုမှာကြည့်
ဟိုဘက်ကမ်းနားမှာ
လင်းထိန်တောက်ပတဲ့
ကယ်တင်သူမီးပြတိုက်ရှိတယ်။
ရင်သွေးငယ်(ဇလပ်မြေ)
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 425 073 203 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo