မနက်က နိုးနိုးခြင်း အဘွားဆီက မုန့်ဖိုး ၁၀၀၀ တောင်းတော့ အဘွားက နွားနီနို့မှုန့်အိတ်ခွံထုပ်လေးဆွဲထုတ်ချိန် ကိုယ့်ရင်ထဲသိပ်မကောင်း။ ဘာလို့ဆို အဘွားရဲ့ နွားနီနို့မှုန့်အိတ်ခွံထုပ်လေးက အဘွားအတွက် ပိုက်ဆံအသစ်လေးတွေသပ်သပ် ထားသိမ်းနေကြအိတ်လေး။ အဲဒီအထဲမှာလည်း ပိုက်ဆံအများကြီး မရှိပါဘူး။ ၅၀တန် ၊ ၁၀၀တန် ၊ ၂၀၀တန် ၊ ၅၀၀တန်နဲ့ ၁၀၀၀တန်လေးတွေပေါ့။ ရွက်ရေ ၄ရွက်ထက် ပိုရှိနိုင်မှာကတော့ ၁၀တန်နဲ့ ၂၀တန်။ အဘွားပိုက်ဆံလေးတွေက ကိုယ့်အတွက်တော့ သိပ်သိသာလှတယ် ။ လေးဘက်နာ နာတာရှည် ဝေဒနာခံစားရသူမို့ အဘွားက သူ့ပိုင်ဆိုင်မှုတွေကို ခြေရင်းမှာ ပရုပ်ဆီတွေ ၊ ဆေးမြစ်စုံလိမ်းဆေးတွေနဲ့ ရောထားတာမို့ ပိုက်ဆံအသစ်လေးတွေဆိုပေမဲ့ မိဂသီ အနံ့လေးကစွဲကျန်နေပါတယ်။ အဲဒီအနံ့လေးက ကိုယ့်အတွက် အလုပ်တခုအမြန်ရမှဖြစ်မယ်လို့ တွန်းအားပေးတဲ့ ရနံ့ ...။
Tauk Sharr Oo
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 250 691 810 - [KBZpay, Wave]
0093600500010383 - CB
06530199912981501 - KBZ
20002804323 - AYA
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo