ကောင်းစားကြွယ်ဝ ချမ်းသာလိုစိတ်နဲ့
ဘုရားကို မချဥ်းပါနှင့်။
အနာမဲ့ဘဝ စံစားလိုစိတ်နဲ့
ဘုရားကို မဖက်ပါနှင့်။
ထင်ပေါ် ကြီးမြတ် ရလိုစိတ်နဲ့
ဘုရားကို မမြှောက်ပါနှင့်။
ငါဖြစ်သည်အတိုင်း ငါဖြစ်သူကို
အရိုးခံစိတ်ဖြင့် သိမှတ်ပျပ်ဝပ် ကိုးကွယ်ပါလေ။
ကောင်းချီးမရှာ ဖြစ်ခြင်းရှာလျက်
ရိုသေမြတ်နိုး ချစ်ခြင်းစိတ်နှင့် ဆည်းကပ်ပါလေ။
စိတ်နှလုံးချိန်သူ ဘုရားမြတ်သည်
ကျေးဇူးပြုလျက် ကောင်းကြီးပေးမည် မုချဧကန်။
သိုးကျောင်းဒါဝိဒ် ရိုးခံစိတ်နှင့်
ကိုးကွယ်ချီးမွမ်း နေရာမရွေး ဧသီကျူးတော့
စိတ်တော်တွေ့လျက် ကြီးမြတ်ခြင်းသို့
ရောက်ခြင်းကို စိတ်နှလုံးသံမှို စွဲယူကြပါစို့။