ဘုရားထက် တစ်စက္ကန့်ကြီးသူများ

 

ဘာတဲ့ ယေရှုနဲ့ခရစ်တော်

ခွဲပြ တွဲပြ ပူးခွာပြလို့ မရိုးအီနိုင်သေးတဲ့ခန


အာပေါင်သန်သန်အာရင်းထန်ထန် ဝိညာဥ်ပဥ္စလက်ဆန်ဆန်

အနုပညာမာန်နဲ့သူဆိုတာက

အထူးဖွင့်ပြခြင်းခံရသူဆိုပဲ


ဝိညာဥ်ငါးလုံး ပွားများတယ်ဆိုတာ

မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်မှမဟုတ်တာ

သူမသိ ဘူမသိ ကိုးမသိနဲ့

တဆေးသဒ္ဒါကြွယ်ပြီး သမ္မာတရားနယ်ပါယ်ကို

ခါးသက်စေတဲ့ မိစ္ဆာသူခိုး ခွေးမျိုးလိုလူတွေ


သမ္မာကိုလိမ် သကာကိုချိုလိမ်မှာသုပ်လိမ်းလို့

ခံတွင်းမြိန်အောင်

ချိုအောင် ပြင်ဆင်တိုက်

ကျွေး

ဘေးတွေ့မယ့်ဝိညာဥ်ဟဒသ


အသိဉာဏ်တိမ်

အရေခြုံအာပေတူးခရစ်ရူးတွေ

အာမင်တွင်တွင်ထူးရင်း ပေတရာလမ်းမထက်မှာ

ဝိညာဥ်လယ်ဗယ်ခြင်းယှဥ်ပြိုင် ပြေး


ပျောက်ဆုံးဝိညာဥ်မရှာ အသင်းဝင်သာရှာရင်း

ဟိုသိုး ဒီသိုး ခြံကျော်ခိုးတဲ့ပွဲမှာ

နားယားသူကိုဖြားယောင်းသိမ်းသွင်း 

​သြဝါဒဝင်္ဂဘာထဲ ဇွတ်ခေါ်ဆွဲရင်းက

ထွက်ပေါက်ပိတ်တားအဝီစိတောလားနဲ့

ကျွမ်းကျင်ဝိညာဥ်မုဆိုးတို့ရဲ့

မျက်ကမ်းအမဲလိုက်တဲ့ပွဲ


ဝိသေသထူးထူး

ဂုဏ်ပုဒ်ဂုဏ်ထူး ရူးရူးတွေနဲ့တကိုယ်ရေတကာယကြီးမြတ်ကြသည်မှာ

ဘုရားကိုတောင် တပည့်

ကျော်လို့ထင်မှတ်ကြလေပြီလားစဥ်းစား


ဒီလိုနဲ့

ဟိုလို ဒီလို တော်ကီချိုချို

တွေမှာ

လိုရာဆွဲဲတွေးဆွဲရေးတဲ့ပမာ

ပုဂ္ဂလဓိဌာန်နဲ့ဆန္ဒဓိဌာန်

ရှိသလိုလူ့အကြိုက်

သွန်းဆစ် ပုံလောင်းကြသည် မှာ

ထိုသူတို့သွန်းတဲ့ဘုရား 

ဆိုသည်မှာ

ပုံပန်းသဏ္ဍာန်သရုပ်သကန်မမှန်တဲ့

ဗာလအရုပ်ပျက်များသာသာပါလား


သြော်... တကယ့် တကယ်ပါလေ

ဘုရားထက်တောင် ဝါစဥ်​ကြီးချင်တဲ့

တစက္ကန့်စောပြီးမွေးလာကြသူများ

ဘုရားသခင်အများအရှင်ရဲ့

ဆရာ့ဆရာကြီးများပါတကား။


TMJZ

စာပေမျိုးစေ့ - https://www.devoshipjournal.com/2021/07/lovegift.html?m=1

Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo