လူတိုင်းမှာ ဘုရားပေး
အစွမ်းအစ ကိုယ်စီရှိတယ်
အဲဒီအစွမ်းအစတွေက ကွဲပြားကြသလို
ရရှိကြတဲ့ ပမာဏလည်း မတူကြပြန်ဘူး...
တူညီတဲ့အချက်က အဲဒီအစွမ်းအစနဲ့
ဘုရားထားတဲ့နေရာမှာ အစေခံရင်း
ဘုရားဘုန်းထင်ရှားစေဖို့ပဲ...
ဒါကြောင့် သူများနဲ့ တူအောင် မကြိုးစားနဲ့..
ကိုယ့်ကိုယ် ဘုရားဘာပေးထားလဲ ဘယ်လိုအသုံးပြုရမလဲ
ဘယ်မှာ အသုံးပြုမလဲ ဘယ်လောက်အသုံးပြုမလဲဆိုတဲ့
အချက်ကိုပဲ သိအောင်လုပ်ဖို့နဲ့ အသုံးချဖို့ လိုပါတယ်..
ကိုယ်သေသွားခဲ့မယ်ဆိုရင် ဘုရားပေးထားတဲ့
အဲဒီစွမ်းရည်အားလုံးကို လူ့ပတ်ဝန်းကျင်မှာ အကုန်
အသုံးပြုပြီး လောင်းစရာထပ်မရှိသည်တိုင်
သွန်ချထားပြီး အိမ်တော်ပြန်ဖို့ သိပ်အရေးကြီးပါတယ်..
ဖန်ဆင်းခံ ပန်းတိုင်း အစွမ်းကုန် ဖူးပွင့်ကြတယ်..
ဖန်ဆင်းခံ ကျေးငှက်တိုင်း အစွမ်းကုန် သီကျူးပျံဝဲကြတယ်..
ဖန်ဆင်းခံလူသား ဘာတွေ ပွင့်လန်းခဲ့မလဲ..
ဖန်ဆင်းခံရသော ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ နံပါတ်တစ် မဟုတ်လား.....
ပေါလုက အားလုံး လောင်းချပြီး အိမ်ပြန်တယ်..
မောရှေ အားလုံး အသုံးခံပြီး အိမ်ပြန်တယ်..
ယေရှု ရှိသမျှ ပေးအပ်အသုံးခံပြီး အဖဆီပြန်တယ်..
သင်နဲ့ကျွန်ုပ် ဘာတွေပေးခဲ့ပြီး ဘယ်လောက် အသုံးခံပြီး
အိမ်ပြန်ကြမှာလဲ။
TMJZ
စာစုရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 425 307 414 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo