တချို့ သေမင်းနဲ့စစ်ခင်းလို့
အနိုင်မရ အရှုံးပေးခဲ့ကြပြီ။
တချို့ မရဏာနဲ့ အားပြိုင်ရင်း
အသက်လုပွဲမှာ ယှဥ်ပြိုင်ကြဆဲ။
ငါတို့ သေမင်းနှုတ်ခမ်း အလည်သွားရင်း
ရှင်သန်ကျန်ကြွင်း လွတ်မြောက်ခဲ့ကြပြီ။
ဘာဆက်လုပ်မလဲ.. ဘာဆက်ဖြစ်မလဲ..
ဘယ်သူမသိ.. ကျမ်းစကားအရ ခေတ်ကာလတို့
ကောင်းစရာမရှိ ဆိုးယုတ်ရန်သာရှိတော့သည်မို့
ငါတို့ပုန်းရမလား.. ငါတို့ထွက်ရမလား။
သခင်ပြောခဲ့တယ် ယုံသူချင်းချင်း ကောင်းမှုပြုပါ..
လူခပ်သိမ်းကို ကျေးဇူးပြုအုံးတဲ့။
ကဲ.. ဒီတော့
သခင့်ငယ်သား ငါတို့ညီကို
အိပ်ယာကထ ဖုတ်ဖက်ခါလို့ ဟုတ်ကဲ့သခင်
ရှင်သန်ချိန်မှာ အကျိုးပြုလူသား ဖြစ်ကြစို့လား။
TMJZ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 425 307 414 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo