အမြတ်ဆုံးဒဏ်ရာ

နောင်တအဟောင်းရဲ့ထောင်ချောက်ထဲ

ခဏ ခဏချော်လဲနေတဲ့ သိုးငယ်လို ။


ကောင်းကင်ဘုံပြေးလမ်းက 

ဝိညာဥ်သက်လုံကောင်းမှ ။


စာတန်တီးတဲ့လက်ခုပ်သံကို 

ထ   ထ မခုန်မိစေနဲ့ ။


ငါတို့စိတ်ရဲ့အရေပြားကို

ဓမ္မဓားနဲ့လှီးတဲ့အခါ  

ခါးရှ  နာကျင်ရတာပေါ့ ။


စာတန်ထားတဲ့လောကီနန်းမှာထက်

သခင်ပေးတဲ့ ဒဏ်ရာနွမ်းလေးနဲ့သာ

ငါတို့အသက်တာ ..... လင်းမြတ်လာ ။


{မျက်လုံးအားနည်းသည့် ဒဏ်ရာနွမ်းလေးဖြင့် 

သက်ဆုံးတိုင် အမှုတော်မြတ်အတွက် 

ပေးဆပ်ထမ်းရွက်သွားလေသူ 

တမန်တော်ကြီးရှင်ပေါလု၏ အသက်တာအား 

ဆင်ခြင်အောက်မေ့ရင်း .......} 


ဆွန်လျန်မုန်

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 975 224 004 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo