သက်ပြင်းချနေတဲ့ သစ်တစ်ပင်
မျက်ရည်ဝိုင်းနေတဲ့ သင်္ချိုင်းကပန်းတွေ
ခေါင်းတိုင်က ထွက်လာတဲ့
မီးခိုးလုံးတွေကို
ခွေးအတွေက တဝူးဝူး ထိုးခုန်ဟပ် ......... ။
မြို့ရဲ့လမ်းကြားတွေမှာ
ချိန်ရွယ်ခံထားရတဲ့ တိတ်ဆိတ်ခြင်းတွေ .....
လိမ်နေတဲ့ လူတွေကြား
လိလိမ္မာမ္မာကလေးလေးများ .......... ။
မလိုတမာအပြုံးတွေအောက်
အကန်းက အကန်းကိုလမ်းပြရင်း
ဒုက္ခနေ့ရက်ဟာ ....... ရှည်ရှည်လာ ..... ။
ဘုရားသခင် အမှုသစ်ပြုမယ့်မနက်သစ်မှာ
ငါတို့ ပြန်ဆုံကြတဲ့အခါ
ပြောစရာတွေကတော့
များနေမှာ .......... အသေချာ ။
ဆွန်လျန်မုန်
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 975 224 004 [KBZPay]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo