စိတ်ကို ချစ်ခြင်းနဲ့စားတော့
မေတ္တာဓာတ်ကြွင်းတယ် ။
စိတ်ကို အမုန်းနဲ့စားတော့
အာဃာတ ကြွင်းတယ် ။
စိတ်ကို သင်္ခါရနဲ့စားတော့
အနတ္တ ကြွင်းတယ် ။
စိတ်ကို မနက်ခင်းနဲ့စားတော့
ခွန်အားသစ် ကြွင်းတယ် ။
စိတ်ကို သီချင်းနဲ့စားတော့
ကျန်းမာခြင်း ကြွင်းတယ် ။
စိတ်ကို မပြေလည်မှုပျော်စရာနဲ့စားတော့
ကဗျာဆရာ ကြွင်းတယ် ။
စိတ်ကို သံသယနဲ့စားတော့
ငရဲ ကြွင်းတယ် ။
စိတ်ကို " သမ္မာတရား " နဲ့စားတော့
" ငြိမ်သက်ခြင်း " ကြွင်းရဲ့ ။
ဆွန်လျန်မုန်