အတွေးကို အပြုံးထည့်ချဲ့ကြည့်တော့
သားကောင်နဲ့မုဆိုး
ချစ်ကြည်ရေးတံတားထိုးမယ့်နေ့
ပန်းဟာ ... ချစ်ဝတ်မှုန်ကူးဖို့
သူ့ဝတ်ဆံကို ဟထားလေရဲ့ ........ ။
လွတ်လပ်တဲ့နှုတ်ခမ်းမွှေးတစ်စုံပိုင်ပေမယ့်
အမှန်တရားက ....
မျက်ရည်တွေနဲ့ရှုံးရတဲ့ပွဲမှာ
ဝေမျှစားသူတို့ရဲ့
လက်တလုံးခြားရယ်သံထဲ
ကရုဏာတရားဟာ
အတောင်ကျိုးနေတဲ့ဌက်လို ........... ။
မာနဖြိုင်ဖြိုင်
အတ္တတွေ လှိုင်ကြတဲ့ရွာကြီးထဲ
အပြစ်တရားဟာ
ခေတ်စားနေတဲ့ သီချင်းတစ်ပုဒ်လို
လုဆိုလို့ကောင်းဆဲ .......... ။
လာပါ ........ ကလေးရယ်
ဘုရားကျောင်းသွားကြမယ်
စန်းဒေးစကူးလ်အပြုံးတွေ ဝတ်ဆင်ရင်း
ရွှေကျမ်းချက်ရဲ့
လင်းမြတ်ရာ ဓမ္မကောင်းကင်မှာ
သခင့်ကြယ်တွေနဲ့ ကရအောင် ။
ဆွန်လျန်မုန်