ပုဂ္ဂလအမြင်

အသင်းတော် အစည်းအဝေးတဲ့ ဆွေးနွေးကြပေမယ့်

စကားလုံးတွေက ရည်ရွယ်ချက်မဲ့စွာ

လုံးထွေးနေတော့တာ

ဆင်ခြင်တုံတရား အားနည်းလို့လား

ဝိညာဉ်သဘောမရှိကြလို့လား။


ကြည့်လေ

အဂျန်ဒါထဲက အစီအစဉ်တွေပေါ့

ဘောလုံးကွင်းထဲက ဘောလုံးလို

ဟိုရောက်လိုက် ဒီရောက်လိုက်။


ခက်တာက

အစည်းအဝေး တခုလုံးကို

လွှမ်းမိုးနေတဲ့ အကြောင်းအရာကလည်း

ဝိညာဉ်ရေး မဟုတ်ဘဲ

ဘဏ္ဍာရေး ဖြစ်နေပြန်တယ်။


တက်ညီလက်ညီနဲ့

ငါတို့ပေါ့

ဝိုင်းဝန်းကြိုးစားဖို့ ကြွေးကြော်ကြပေမယ့်

ဘုရားကို ကိုးစားဖို့ စကားတွေ မဟကြဘူး။


မြင်ယောင်မိတယ်

ငါတို့ကသာ ဂုဏ်ယူနေကြတာ

ဘုရားသခင်က ရီ(ရယ်)နေမလားလို့လေ။ ။


နေမျိုး(မချမ်းမြေ)

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 458 417 581 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo