ဆင်ခြေ

ဘာရယ်...

ပြုပြင်ပါအုံး (ဦး)

ဟုတ်လား ...

ဒီမယ်

ကျုပ်က

ကိုယ့်ပုံစံနဲ့ကိုယ်ဗျ


သိပ်လည်းမထူးရဲဘူး

သူရူးလို့ အထင်ခံအုံးမယ်

လူတွေက အမြင်ကျဉ်းတာနဲ့


ထိပ်စွန်းမရောက်ချင်ပါဘူး

ဇောက်ကျွမ်းထိုး ကျနေပါအုံးမယ်

လူတွေက လှဲချချင်ချင်ရယ်...


ကျုပ်ကိုများ

သိပ်ညံ့တာပဲတဲ့

ဒီပတ်ဝန်းကျင်မျိုးနဲ့

ခင်ဗျားသာဆိုလေ

အို... ကျုပ်တကယ် မတွေးရဲဘူးဗျာ... ။   ။


နေမျိုး (မချမ်းမြေ)

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 458 417 581 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo