ဆေးတွေနော် စျေးခေါ်လို့ရောင်းလိုက်မယ်။
အိုးတွေနော် စျေးခေါ်လို့ရောင်းလိုက်မယ်။
အိုတူးတွေနော် စျေးခေါ်လို့ရောင်းလိုက်မယ်။
ဝယ်ချင်ဝယ် မဝယ်ရင်သေတဲ့။
ကြိုက်ရောင်း ကြိုက်ဝယ်မဟုတ်လို့
မကြိုက်လည်းရောင်းမှာဘဲ။
ဆဲလည်းရောင်းမှာဘဲ။
ချစ်ရသူတွေမသေစေချင်ရင် ရတဲ့အချိန်ဝယ်ထားကြဆိုဘဲ။
ကြေးကအရေးလား ဘေးကအရေးလား ဆိုဘဲ။
ဝယ်ချင်ဝယ် မဝယ်ရင်သေတဲ့။
ဒီလိုသမိုင်းတွေရိုင်းခဲ့တာကြာလို့
စိတ်ရိုင်းတွေ အပြိုင်းအရိုင်းကြီးတာမြန်ပေါ့
ဒီလှိုင်းနဲ့ဒီလှေမှာ ထင်ရာစိုင်းတတ်တဲ့သန္ဓေကြောင့်
ဟန်တဆင် မာန်တခွဲ ရယ်ကြဲကြဲနဲ့ အတ္တရှင်ယုဒမှာဖြင့်
လည်မျိုတွေကိုနင်းခြေရင်း တမျည်းမျည်းအရသာခံနေလေရဲ့
လောဘကို ရွက်ကုန်ဖွင့်
မာရ်နတ်နဲ့ အရှိန်အဟုန်လွှင့်
ဓနသဒ္ဓိအပြီးတင်ထားတဲ့
ကျိန်ခြင်းဓာတ်လုံးတွေကို မျိုရင်းဆို့ရင်း
မသိ မသာတွေဖြစ်လို့
သိသိသာသာ မသာတွေဖြစ်လို့
တကယ်တော့
မျက်ရည်မိုးနဲ့
ပန်းပျိုးချင်တဲ့သူတွေက
လူယုတ်မာတွေဘဲ။
အစ္ဇျတ္တစျေးခင်းမှာ
ပြန်လမ်းမဲ့ မိစ္ဆာတွေဘဲ။
မရဏာသာ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 799 829 868 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo