ဧဝံဂေလိတရားအတွက်
စျေးတကာက သူတို့ရဲ့ သာသနာကွင်း
လမ်းတကာက သူတို့ရဲ့ရေနက်ရာ
ပလက်ဖောင်းက သူတို့ရဲ့ပလ္လင်
ဧဝံဂေလိဝေငှဖို့
စင်ပေါ်စင်အောက်မရွေးဖူး
ဖြူဖြူမဲမဲ မရွေးဖူး
ဟိုလူမျိုး ဒီလူမျိုးမရွေးဖူး
ပလက်ဖောင်းလား ပလ္လင်လား မရွေးဖူး
ဧဝံဂေလိအတွက်ဆို
ချွေးထွက်လည်းမမှုဖူး
သွေးထွက်လည်း မရပ်ခဲ့ဖူး
ခဲနဲ့အပေါက်ခံရလည်း ကြောက်မသွားခဲ့ဖူး
အသက်ပေးရမယ်ဆိုလည်းကိစ္စမရှိဖူး
ခရီးဆက်ခဲ့ပြီ
ဧဝံဂေလိတရားအတွက်
ပေးဆပ်ခဲ့ပြီ
ဧဝံဂေလိတရားအတွက်
လမ်းပြခဲ့ပြီ
ဧဝံဂေလိတရားအတွက်
ကနေ့လိုနေတာ
ဒီလိုအမှုတော်ဆောင်တွေ
ဒီလိုဧဝံဂေလိသမားတွေ
ဒီလိုဘုရားလူတွေ
ဘိုးဘိုးဆရာကတော့ပြောဖူးတယ်
"ငါတို့က ပလက်ဖောင်းမှာ ဗျက်စောင်းတီးတဲ့ ဧဝံဂေလိသမားတွေ"တဲ့...
သူတို့ဟာ
ခရစ်တော်အတွက်တော့
သာဓုသစ္စာရှိသောငယ်သားကောင်း
သူတို့ဟာ
ကျနော့်အတွက်တေ့ာ
အဓိပတိသူရဲကောင်း
(ခရစ်တော်အတွက် အစေခံသော
ဧဝံဂေလိဆရာ/မများအားရည်စူးလျက်)
မရဏာသာ
စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo