ပြန်တမ်း

​တ​နေ့ တ​​​နေ့ 

RIP ​တွေ 

ချက်ဘောက်က​​နေ တခါ​ရေးတိုင်း

ရင်ထဲကမီး​တောက်ကို ဆီထပ်​လောင်း​နေရသလို

ငါ့နှလုံးသားဟာ မျက်ရည်တိမ်စိုင်​တွေကြား

​သေခြင်းနဲ့​သေမင်းက ငါ့ကိုလာစား​နေတယ်


​ကြောက်မလား​ခြောက်တယ်

​အေး... ​ကြောက်တယ်

​မောသလား​​မေးတယ်

​​အေး ... ​မောတယ်

နားမလား ​ချော့တယ်


တော်တန်တိတ် ...ငမိုက်သားစာတန်​

ချက်ခြင်းနောက်ဆုတ်လိုက်

ငါ့သခင်

ငါ့ဘုရင်

ငါ့အရှင် 

မိန့်မှာစကားအတိုင်း ပြန်တမ်းထုတ်လိုက်မယ်

သင်နဲ့ဆိုင်ရာ ကန့်ငရဲဘုံမှာ

​နောက်လိုက်အ​ပေါင်း  ကျိန်ကြိုး​နှောင်လို့

​​လောင်ကျွမ်း​စေ​တော့

ထာဝရကမ္ဘာ


မရဏာသာ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 799 829 868 [Phone No.]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo