ပြည့်စုံမှာပေါ့

ယုံကြည်သူတွေအသက်တာမှာ တခုခုလိုနေတယ်။

ကိုယ့်ကိုယ်ကိုယ် သက်သေခံဖို့ မစဉ်စားဘဲ တပါးသူရဲ့သက်သေခံချက်ကို နားထောင်နေကြတယ်။

ကိုယ်တိုင်ရတဲ့ဆုကျေးဇူးကိုမဖော်ပြဘဲ အခြားသူရဲ့ဆုကျေးဇူးကို အားကျနေကြတယ်။

ကိုယ့်ယုံကြည်ရာလမ်းကို လျှောက်မဲ့အစားသူများဖောက်တဲ့လမ်းကို ရွေးတတ်လာကြတယ်။

တခါတလေ ငါခရစ်ယာန်ပါလို့ပြောဖို့ ဝန်လေးရတဲ့အထိ တချို့ခရစ်ယာန်တွေ အသက်ရှင်လာကြတယ်။

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လေ့လာရမဲ့အစား ကျမ်းစာအုပ်ကို ဆောင်ထားကြတယ်။

ကျမ်းစာကို ခွန်အားယူရမဲ့အစား အပြစ်ထောက်ပြစရာ လုပ်လာကြတယ်။

ဘာသာကွဲ လူမျိုးကွဲတွေကို ပညတ်တော်နဲ့ဆန့်ကျင်ပြီးခွဲခြားလာကြတယ်။

ငါက ခရစ်ယာန် မင်းတို့လို ငရဲမသွားဘူးလို့ ပြောမဲ့အစား ခရစ်တော်ကောင်းမြတ်ကြောင်းပြပါ့လား။

ဒါဆိုပိုပြည့်စုံမှာပေါ့။


မာန်လေးနွယ်

စာစုရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 250 383 754 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo