Sundayတရက်တည်း ဘုရားကိုလွမ်းနေလား
အသိအမှတ်ပြုနေလား။
ဒါပေမဲ့ ဘုရားသခင်ကျတော့ မင်းကိုအချိန်တိုင်းသတိရနေပါတယ်။
မတူညီမှုတွေများတဲ့ လောကကြီးမှာ တူညီမှုတခုတော့ရှိတယ်။
အဲဒါက ချစ်ခြင်းမေတ္တာပါပဲမိတ်ဆွေ။
မင်းဘယ်လိုပုံစံနဲ့ပဲ ချစ်ပါစေ အချစ်ကအချစ်ပါပဲ။
အချစ်မှာ မပြောင်းလဲတဲ့ ဂုဏ်သတ္တိရှိပါတယ်။
အချစ်က အရာရာထက် ခိုင်မာပါတယ်။
အချစ်ကို ဘယ်အရာနဲ့ရောရော နောက်ဆုံးတော့ အချစ်ကအချစ်ပါပဲ။
သမ္မာကျမ်းစာထဲမှာတော့ ဒီလိုရေးထားတယ်။ "ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။- (ကောရိန်သုဩဝါဒစာပထမစောင် ၁၃:၁၃)"လို့ ဖော်ပြထားတယ်။
လောကလူသားတွေချစ်တဲ့ အချစ်ထက် ငါတို့ကို ပိုချစ်တဲ့ တဦးတည်းသောသူကတော့ ယေရူခရစ်တော်ပါပဲ။
အပြစ်မဲ့အပြစ်သားအဖြစ် ကားတိုင်လမ်းကို သူလျှောက်ခဲ့တယ်။
ကရာနီဆိုတဲ့ တောင်ကုန်းပေါ်မှာ အသက်ပေးခဲ့ရတယ်။
ကဲ့ရဲ့စကားတွေ ဒဏ်ရာဒဏ်ချက်တွေက ပန်းခင်းထားတဲ့ မွေ့ယာမဟုတ်ခဲ့ပေမဲ့ ချစ်ခြင်းတရားကိုလက်ကိုင်ထားခဲ့ရတယ်။
အသွေးသွန်းခြင်းမရှိလျှင် အပြစ်လွှတ်ခြင်းမရှိဆိုတဲ့ပညတ္တိကျမ်းကို မပယ်ရှားဘဲ တိုင်တော်မှာ အသွေးသွန်းခဲ့ရတယ်။
မင်းရော ဘာပြန်ပေးပြီးပြီလဲ။
အခမဲ့လို့သုံးကြတဲ့ ကယ်တင်ခြင်းရဲ့နောက်ကွယ်က တန်ကြေးကို မင်းစဉ်းစားကြည့်ဖူးလား။
ပေးဆပ်မယ်လို့ရော တွေးဖူးလား။
အခမဲ့ဆိုတဲ့ ကယ်တင်ခြင်းနောက်ကွယ်က သခင်ယေရှုပေးဆပ်ခဲ့ရတဲ့ ကောင်းကင်ဘုံ စည်းစိမ်စွန့်ခြင်း လူ့ဇာတိခံ လူတွေငြင်းပယ်ခြင်း ရက်စက်တဲ့ရိုက်ချက်တွေနဲ့ ကားတိုင်လမ်းကို လျှောက်ခဲ့ရခြင်းတွေအတွက် ပြန်ပေးရမဲ့အချိန်ရောက်ပြီ မိတ်ဆွေ။
မာန်လေးနွယ်
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 250 383 754 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo