အပင်သန်ပြီး အသီးသီးတိုင်း
မျိုးစေ့ မှန်နေလို့ချည်း မဟုတ်ဘူးလေနော် ။
မျိုးမမှန်ပေမဲ့
အပင်သန်ပြီး အသီးသီးတတ်တဲ့
တောစပါးဆိုတာမျိုးလည်း ရှိပြန်တယ် ။
ကြည့်လိုက်ရင်တော့
စပါးပင်နဲ့ တပုံစံတည်းပဲ ။
မတူတာက တောစပါးဆိုတာ
အပင်သန်ပြီး အသီးဘယ်လောက်သီးသီး
အဆံချောင်ပြီး မျိုးမအောင်တတ်တဲ့ အဖျက်ပင်မျိုး ။
ကြီးရင့်တာချင်းအတူတူ
အခွံပဲရှိပြီး အဆံမပါလို့
ရိတ်သိမ်းခြင်းမှာ ချန်ထားခံရပြီး
အချိန်တန် ဖျက်ဆီးမီးရှို့ခံဖို့
စောင့်နေယုံကလွဲပြီး
တခြား ဘာအသုံးမှမဝင်တဲ့ အပင်မျိုး ။
စပါးပင်ဆိုတာမျိုးကတော့
အမြင်မှာသာ အပင်မသန်ရင်နေမယ် ၊
အသီးသီးပြီဆို အထဲမှာ
အဆီအနှစ်ပြည့်တဲ့ စပါးတွေနဲ့ အပြည့် ။
အပင်သန်တာလောက်ကိုပဲ ကြည့်ပြီး
မျိုးအောင်တယ်လို့တော့ အထင်မှားလို့ မဖြစ်ဘူး ။
အသီး အောင်၊ မအောင် ဆိုတာ
ရိတ်သိမ်း ချွေလှေ့တဲ့ အချိန်ထိတော့
စောင့်ကြည့်နေဦးဖို့ လိုလိမ့်မယ် ။
Moses Edge
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 795 133 422 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo