ရေတခွက်သောက်ရသောခါ
ဘုရားကျေးဇူးမသိပါ
ရေတစက်ငတ်လေခါမှ
ဘုရားကျေးဇူးသိလာရ။
လေပြေလေညှင်းတိုက်သောခါ
ဘုရားကျေးဇူးမသိပါ
နေရှိန်လေပူတိုက်ကာမှ
ဘုရားကျေးဇူးသိလာရ။
ထမင်းတနပ်စားသောခါ
ဘုရားကျေးဇူးမသိပါ
တလုပ်အစာငတ်ကာမှ
ဘုရားကျေးဇူးသိလာရ။
ကိုယ်ပိုင်ခြံနှင့်နေသောခါ
ဘုရားကျေးဇူးမသိပါ
အိမ်ငှားဘဝနေကာမှဘုရားကျေးဇူးသိလာရ။
နှုတ်ခမ်းပါးစပ်ကောင်းသောခါဘုရားကျေးဇူးမသိပါ
ချောင်းဆိုးလည်ချောင်းနာကာမှဘုရားကျေးဇူးသိလာရ။
တင့်တယ်ဆင်ယင်လှသောခါဘုရားကျေးဇူးမသိပါ
အဝတ်အစားနွမ်းကာမှ
ဘုရားကျေးဇူးသိလာရ။
လှုပ်ရှားသွားလာရသောခါ
ဘုရားကျေးဇူးမသိပါ
နာကျင်ချို့တဲ့ဖြစ်ကာမှ
ဘုရားကျေးဇူးသိလာရ။
အသက်တချက်ရှူသောခါ
ဘုရားကျေးဇူးမသိပါ
သက်ရှူမရဖြစ်ကာမှ
ဘုရားကျေးဇူးသိလာရ။
လူသား (ဆားမှော်)