စိတ်မမှန်ချင်တော့ဘူး
ဆာလံသီချင်းနဲ့ ဖြေသိမ့်လို့ မရတဲ့
စိတ်တွေ
ည ည ဆိုရင် ညရောင်ကိုလည်း ကြောက်ရ
လူရောင်ကိုလည်း ကြောက်ရ
ည အိပ်စက်ခြင်းတွေက အနက်ရောင်။
တိုက်ဆိုင်နေတာ မဟုတ်ဘူး
ဆန့်ကျင်ဘက်အရာတွေက အမြင်နဲ့
စူးနေတာ
ဘုရား တ ဖို့မေ့နေတဲ့ အခန်းတွေ
ဘုရား တ ရင်းပြိုကျနေတဲ့ အတွေးတွေ
တကယ်ကို ပျော်ရွှင်စရာမရှိတဲ့ အသက်
ရှင်မှုတွေနဲ့ ပေါင်းဖက်နေရတဲ့အခါ
အောင်မြင်သောအခွင့်ကိုပေးသော
ဘုရားထံ ပို၍ တိုးဝှေ့ပါ ..။
လောင်ပါး