သူသူရယ်ငါ၊ ဗျာဗျာရယ်များ
ဟိုဟိုဒီဒီ၊ ပြေးပြေးလွှားလွှား
အရေးများနေတဲ့၊ ဒို့ပြည်သူတွေ
ကူရာမရှိ၊ ကယ်ရာမဲ့နေ။
အနိစ္စသဘောနဲ့၊ ကိစ္စချောနေတဲ့
လူတွေအကြား၊ အပူတွေများ
များလိုက်ပါဘိ၊ အားလုံးအသိ။
အရေးကြီးရင်၊ ဈေးကြီးတတ်တဲ့
ခရိုနီတစုကြောင့်၊ အိမ်တွေမှာ မီးခိုးတိတ်
အာဟာရပြတ်၊ ရေတွေငတ်လို့
ဆေးအတွက်ပြေး၊ အိုတူးတန်းစီ
ဤမြန်ပြည်ဝယ်၊ ကူလီထမ်းသူရှား။
ပြည်သူ့အတွက်၊ ပြည်သူရှိတယ်
အားရယ်မငယ်၊ စိတ်မကျဘဲ
နိုင်ရာဝန် ထမ်း၊ ရှေ့သို့လှမ်းချီ
အောင်ပွဲဆီသို့၊ မျှော်ကြည့်လျှောက်ပါ
ပြည်မြန်မာ။
ခရစ်တော်စကား၊ ဤသို့မှာကြား
မှတ်ကြားနာယူ၊ သက်သေထူဖို့
ထမ်းရွက်ဝန်ချင်း၊ အချင်းချင်းမို့
ကူညီထမ်းရွက်၊ တယောက်တဖက်
ကျင့်ပါတရား၊ ခရစ်တော်စကား
ကူလီထမ်းစို့လား။.....။
ကိုရဲ(အောင်လံ)
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 401 752 484 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo