မနက်ဆိုရင် နှင်းခါးရိုက်
ညဆိုရင် ခြင်ကျားကိုက်
နေ့ဆိုရင် ဗစ်တမျိုး စစ်တမျိုး
ဟိုဟာလည်းကြောက်ရ ဒီဟာလည်းကြောက်ရ
တောင်ပြေးရမလို
မြောက်ပြေးရမလိုနဲ့
နေ့သင့် နံသင့် ကံသင့်တဲ့နိုင်ငံ
သောက်ရတဲ့ခွက်က ခါး
စားရတဲ့ မုန့်က ခါး
အတွေ့အကြုံတွေက ခါး
ဘဝတွေက ခါး
အနာဂတ်တွေက ခါး
ခါး အကုန် ခါး
တကယ့်ဆေး ခါး ကြီးပါပဲ
လူသားသည်ခွဲခန့်မှတ်သားသည့်အတိုင်း
သွားရမည်ဆိုတော့
မှောင်မိုက်ကြီးစိုးချိန်မှာ
အလင်းတွေတဖြုတ်ဖြုတ်ကြွေကျနေတာဟာ
ဟင်းခါးထဲ ဆားခါးထည့်သောက်ရသလိုပါပဲကွာ
တောက် !
လေးလိုက်တဲ့ကားတိုင်ခါးလိုက်တဲ့ကားတိုင်။
ထီးခူ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 772 998 764 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo