အပြစ်သား

 

ခန္ဓာကိုယ်မှာ

ရမ္မက်ပျော့ပြောင်းပြောင်း

နံရိုးခုနစ်ချောင်းပဲရှိတယ်။


သူတို့က

အုပ်စုဖွဲ့ရှင်သန်ရင်း

အချင်းချင်းထိုးဆိတ်

ငြိမ်သက်ခြင်းဆိုတာကိုနားမလည်။


မိုက်ရူးသူတချို့

အပြစ်နွံထဲခေါင်းထိုးစိုက်

လောကီစေရာလိုက်နေကြလေရဲ့။


ကျန်ရစ်သူတွေကတော့

အတ္တပြေးလမ်းပေါ်အရောက်

ဘယ်လောက်ဝေးဝေးပျံသန်း

ဘဝစေရာနာခံနေကြရတယ်။


တကယ်တော့

အပြစ်သားဆိုတာ

စာတန်အစီအမံနဲ့

ရှင်သန်နေတဲ့အရုပ်တွေသာဖြစ်တယ်။


ထီးခူ

စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo