နေဝင်လိုက်
မိုးချုပ်လိုက်
အိပ် ထ စား နား
ကြည့် ပွတ် မန့် လိုက် ရှဲ ဆဲ နဲ့
နိစ္စဓူဝက ယဥ်ကျေးမှုက
သမာရိုးကျစက်ယန္တယားတလုံးလို
ဒီဇယ်ဆီတွေသောက်စို့ရင်း
စနစ်တကျလည်ရင်းပတ်ရင်း
မနက်ဖြန်သန်ဘက်ခါ
သံပတ်မကုန်သေးသ၍
တနေ့တနေ့တရွေ့ရွေ့နဲ့
နီးလာတာလား
ဝေးသွားတာလား
အဆုံးသတ်မှုတခုကိုရှာဖွေရင်း
အခိုးအငွေ့တချို့ကို အာကာသကောင်းကင်ပေါ်ကို
မှုတ်တင်လွှင့်ထုတ်ရင်း
နောက်ဆုံးတော့
အစကိုပြန်ပြန်ရောက်သွားရင်းက
အစကအဆုံးကိုပြန်ရှာဖွေနေရင်းက
ဒီနေ့ဒီညဒီကြယ်ဒီလဒီနေ
ဒီမြေဒီရေဒီလေဒီလူတွေနဲ့ ဒီလိုပဲလုံးခြာလည်လှည့်နေရင်းက
သမာရိုးကျဆန်မှုမှာပဲ
တွေးရင်းခေါ်ရင်းငေးရင်းမျှော်ရင်း
အတိတ်ကိုအရိပ်လို
ပစ္စုပ္ပန်ကိုအိပ်မက်လို
အနာဂတ်ကိုစိတ္တဇပန်းချီကားတချပ်လိုခံစားရင်း
စုတ်ချက်ရမ်းရမ်းတွေနဲ့
ဘဝရိုက်ချက်ကြမ်းကြမ်းတွေကြားမှာငါ
အတ္တ အဇ္ဈတ္တ ခရီးဆက်တယ်
ဘူတာ မကုန်သေးသ၍ပေါ့
အခု။
ထီးခူ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 772 998 764 [KBZPay]
+959 793 014 388 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo