Be Alert

သိုးက

ခြုံထဲမှာ ချိုညှိနေတာမဟုတ်ဘူး

ဖုန်းပွတ်နေတာကွ ဖုန်းပွတ်နေတာ။


စကားလုံးတွေက

ထိပ်ဖူးမှာ

အဆိပ်လူးထားတဲ့မြှားတွေလိုပါပဲ

လေးပေါ်ရောက်ရင်တော့အသက်ဝင်လာမှာပဲ။


သူရဲလက်မှာရှိတဲ့အားနဲ့

လက်မောင်းကကြွက်သားဆိုတာ

နုတ်ဖျားကမထွက်ရဘူး။


ခေတ်ကာလကိုကြည့်ရင်

ဘာလုပ်ရမယ်ဆိုတာသိထားရမယ်

တံခါးဝလာခေါက်တော့မှ

ဗာလာနံ အပျိုတသိုက်လို

ဟို/ဒီပြေးပြီးဆီဝယ် ဂျင်းဝယ်မယ်လုပ်ရင်

သင်ဟာ

ဆိုးညစ်ပျင်းရိသောသူသာဖြစ်မယ်

(ငယ်သားသာဖြစ်မယ်)။


တချို့ဟာတွေက

မြေမြုပ်ထားလို့မှအဆင်မပြေတာ

ခြေချုပ်ထားလို့မှအဆင်မပြေတာ


ထ အခု ထ

ငိုက်နေတဲ့မြည်းလိုမလုပ်နဲ့

သခင်လည်ပြန်ကြည့်မှ

ကျနော်အမှားသိပါပြီဆိုရင်(ပေတရုလို)

တောင်ပြင်ကိုအစိုးရတဲ့မိဘုရားတဖက်မှာ

သင့်အရုံးတွေ

အကြွေးတောင်ယာပုံသွားမယ်


ထ အခု ထ

ပြေး အခု ပြေး

ဝိညာဥ်လူဆိုတာ

စစ်သူရဲလိုအမြဲအသင့်ဖြစ်နေရမယ်။

                                              

ထီးခူ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 772 998 764 [KBZPay]

+959 793 014 388 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo