ဘုရားစကားပြင်ဆင်ဟောကြားကြပါကွယ်

ဟောရှေမိန်းမနဲ့

ဗာလနတ်ကနားပွဲမှာ

စင်တင်တဲ့တေးက

ဟောရှဏဖြစ်နိုင်ပါ့မလား


ဖောက်လွဲဖောက်ပြန်နဲ့

ပြောင်းပြန်ဇောက်ထိုးတွေးတတ်တဲ့ယဥ်ကျေးမှုမှာ

ခေါင်းကိုနေရာမှန်မှာမသုံးတတ်သေးရင်

ဗာလာနံဆိုတိုင်းယုဒကြီးပဲပြေးပြေးမမြင်နဲ့


ဝလုံးကိုပြောင်းပြန်လုပ်ရေးရင်း

ဘဝကို(ခ)ကွေးလိုခွေခေါက်ထားဖို့ဆိုတာ

ဥာဏ်တိမ်ရုံတခုတည်းနဲ့မရဘူး

ရူးမိုက်ဖို့လည်းလိုသေးတယ်


ခင်ဗျား

ယေဇကျေလလိုကင်းမစောင့်ချင်နေပါ

ယုဒလိုထုတ်မရောင်းရင်ပြီးတာပါပဲ


တခါတခါ

ခရစ်ယာန်အသက်တာဆိုတာ

သီသြော်လော်ဂျီကိုခွေခေါက်ပြီး

ဘုရားကိုဇယ်တောက်ကစားနေလားအောင်းမေ့ရတယ်

ပြောချင်တာပြော

ဟောချင်တာဟောနဲ့

အလုပ်ကို ဖြစ်လို့

ဟင်း။


ထီးခူ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 772 998 764 [KBZPay]

+959 793 014 388 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo