ပန်းတိုင်

မိုးချုပ်ရင်အိပ်

မနက်လင်းရင်ထ

တနေ့တာဘာမှလှုပ်မရလုပ်မရတဲ့နိစ္စဓူဝမှာ

အနိစ္စသဘောနဲ့

ကိစ္စချောတဲ့အထဲကိုမပါအောင်ပဲ

တွေးရင်းငေးရင်းဆွေးရင်းစားရင်းသောက်ရင်း

ဘဝရသတဏှာကိုပဲ

မက်မက်မောမောဖက်တွယ်တပ်မက်ရင်း

တနေ့တနေ့တရွေ့တရွေ့နဲ့

မနက်နေ့လယ်ညတွေမှာ

ပြီးတော့ငါ

နီးပြီလားဝေးသေးလားမသဲကွဲတော့ပါဘူး

ပန်းတိုင်။


ထီးခူ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 772 998 764 [KBZPay]

+959 793 014 388 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo