ရမ္မက်တဏှာနဲ့ ဘဝကဗျာကိုသီတော့
အဇ္ဈတ္တမှာ အတ္တတွေ အစွန်းထွက်တယ်
ခဏခဏ လွဲလွဲနေတဲ့ ဝါဒမှာ
ဝိဝါဒက ကွဲပြားစရာများများစားစားမှမရှိတာ
လူရဲ့ဖြစ်ခြင်းသဘောနဲ့မနုဿရဲ့ဖြစ်ခြင်းသဘောဟာ
ရူပကအလင်္ကာမြောက်တယ်ဆိုရင်
ဘဝကို ဥပမာအလင်္ကာနဲ့ပြကြည့်တဲ့အခါ
သံသရာလိုလည်တဲ့ ချားရဟတ်ကိုပဲ မြင်မယ်
သိနာတောင် မော်လ်ဒယ်လ် မှာ
ဣသရေလတွေကအင်တာနက်လိုင်းကျနေသလို
အဝိုင်းလိုလည်နေရတဲ့အချိန်
ကျောကနေဆွဲထားတဲ့ကြိုးရဲ့သက်ရောက်မှုကို စဥ်းစားမိကြဟန်မတူဘူး
ဘဝဆိုတာ တူးတူးခါးခါးမူးရင်ပြီးရောဆိုပြီး
တခွက်တဖလား လမ်းကြုံဝင်မော့လို့ရတဲ့ အရက်ဖြူဆိုင်မှမဟုတ်တာ
သခင်ပေးထားကတည်းက ရည်ရွယ်ရာ ဦးတည်ရာ တစုံတခုအတွက်
အဖြေမရမခြင်း တွက်ထုတ်ဖို့ပေးထားတဲ့ ပုစ္ဆာတပုဒ်ပါပဲ
ခါနန်ဘယ်လောက်ဝေးဝေး ကန္တာရဘယ်လောက်ကြမ်းကြမ်း
ခြေတွေကတော့ ဆက်လှမ်းရမှာပဲမဟုတ်လား
အစကိုပြန်သွားရင်း အဆုံးကိုပဲပြန်ပြန်ရောက်တက်တဲ့စက်ဝန်းမှာ
ဘဝကဗျာကို ရမ္မက်တဏှာနဲ့ပြန်ပြန်သီနေမှတော့
ဒုံရင်းက ဒုံရင်းမှာပဲ ပြန်ပြန်ဂိတ်ဆုံးရင်းက
ကိုယ်ပိုင်တဲ့အတ္တကိုပဲ ပုံဆောင်ခဲတရပ်လို
တမ်းမက်နေမိပေါ့ အခါခါ။
ထီးခူ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 772 998 764 [KBZPay]
+959 793 014 388 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo