ချစ်ရဲတဲ့သူ

စေတနာတွေပေါများသလောက်

အပေါစားတယောက်လို့ အထင်ခံရဖူးတယ်

မေတ္တာနဲ့ပြောတဲ့စကား...

ပြောတဲ့ပါးစပ်ကပဲ မှားတာလား

ကြားတဲ့နားကပဲ မှားတာလား

အင်မတန်ခါးတယ်ဆိုပဲ

တခါတလေတော့လည်း

ပရိယာယ်ကြွယ်ပြီး အပြောချိုတဲ့

စာတန်ရဲ့ စပီကင်မျိုးလေး၊ ပြောတတ်ချင်မိပါရဲ့

ဒါပေမဲ့လည်း...

ချိုချင်ချို၊ ခါးချင်ခါး၊ လူချစ်များမယ့်အရေးကို

ဦးစားမပေးနိုင်ဘူး

သမ္မာတရားကိုဟောဖို့၊ သစ္စာဆိုထားတဲ့

ဘုရားသားပေမို့....

မေတ္တာဆိုတာ ရောင်ပြန်မဟပ်ရင်လည်း

ဖြောင့်မတ်မှန်ကန်စွာ ချစ်ရဲရမယ်မဟုတ်လား။


ဗထူးလွင်

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 254 099 075 [KZBPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo