သူလိုဘုရင်

သားလိုက်သတ်လို့ ..ပြေးရတဲ့အဖေ

အသေသာခံလိုက်ချင်သော်လည်း..

တိုင်းပြည်ကိုကယ်ဖို့ ..စစ်ခင်းရတယ်။


ခါးသီးတဲ့အောင်နိုင်ခြင်းမှာ..

ချစ်သားရင်ကိုခွင်းလေတဲ့ လှံသုံးစင်းက..

အိုဘဲ့..အဗရှလုံငယ်ရေ...

အဖေ့နှလုံးကိုခြွေခဲ့ပြီကော။


အောင်ပွဲခံချိန်မှာ မတန်မရာငိုကြွေးနေတော့...

ပြည်သူကိုစော်ကားလေရော့သလားရယ်လို့...

အမိန့်ကိုမနာခံ..

သားကိုလှံနဲ့ထိုးပြီးအဆုံးစီရင်သူယွာဘ

ငယ်ကျွန်ရင်းလူယုံက... သခင်ကိုပြန်ဆုံးမတယ်..

မျက်ရည်ကိုသုတ်...အပူရုပ်ကိုမာန်တင်းဟန်လုပ်ပြီး..

မြို့တံခါးမှာ ထွက်ထိုင်ရတဲ့...

ရန်သူကိုနှိမ်နင်းနိုင်ခဲ့တဲ့နေ့..


ရူးလောက်အောင်ကြေကွဲရတဲ့..

ဣသရေလရဲ့ကြီးမြတ်လှသော...

ဘုရင်တပါးရဲ့အောင်ပွဲနေ့...

သောကတစ္ဆေကို...

မျက်ရည်ကြားက...သတိတရားနဲ့အနိုင်ယူခဲ့သူ...

လက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံလှသူ...

ပြည်သူအတွက် အရာအားလုံးပေးဆပ်ထားသူ...

ဘုရားစိတ်တော်နဲ့တွေ့တဲ့သူ...

အားကျလိုက်စမ်းပါဘိတော့တယ်...ဒါဝိဒ်ရယ်။

                   

ဗထူးလွင်

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 254 099 075 [KZBPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo