အတ္တတွေ မာနတွေ
ဂုဏ်သိက္ခာတွေအတွက်
ကျတဲ့မျက်ရည်
နာကျည်းမှုတွေ နာကျင်မှုတွေ
ခံပြင်းခြင်းတွေအတွက်
ကျတဲ့မျက်ရည်
ဆန္ဒတွေ လောဘတွေ
အာဃာတတွေအတွက်
ကျတဲ့မျက်ရည်
ချစ်ခြင်းအတွက်မျက်ရည်
မုန်းခြင်းအတွက်မျက်ရည်
သံဝေဂမျက်ရည် နောင်တမျက်ရည်
ငါ့ပါးပြင်ပေါ်မှာစီးကျနေတဲ့မျက်ရည်တွေ
နေပါစေ မသုတ်လိုက်နဲ့ချစ်သူ
မျက်ရည်ပူတွေနဲ့
နင့်ကိုညစ်ပေကုန်လိမ့်မယ်
ငါငိုလို့မပြီးသေးဘူး။
ငါ့ကိုချစ်တဲ့သခင် ပြန်လာတဲ့အခါမရွံမရှာနဲ့
ဒီအပြစ်သားရဲ့မျက်ရည်ကို ချစ်တေးတွေဆိုပြီး
သုတ်ပေးတော်မူလိမ့်မယ်
အခုခဏလေးအဖို့တော့ နေပါစေချစ်သူ
ငါငိုလို့မပြီးသေးဘူး။
(ဗျာဒိတ်ကျမ်း ၇:၁၇
အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်ဟုဆိုလေ၏။)
ဗထူးလွင်
စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo