Audio အသံအလှူရှင် / အသံအားဖြင့် မျိုးစေ့ကြဲသူ ခေါ်ဖိတ်ခြင်း

 

မြန်မာ ခရစ်ယာန် စာပေတွင် လိုအပ်ချက်တခုဖြစ်သည့် ရေးသားထုတ်ဝေပြီးသော ဓမ္မရေးရာစာစု၊ ဝိညာဥ်ခွန်အား၊ ဆောင်းပါး၊ ရသခံစားမှုနှင့် သုတရေးသားအားထုတ်မှုတွင် စာအုပ်အဖြစ်သာ ပြုလုပ်ကြပြီး အသံစနစ်သို့ ကူးပြောင်းရန် မပြုလုပ်ခြင်းသည် ခရစ်ယာန် စာရေးသူတို့၏ မဟာအားနည်းချက် တခုပင်ဖြစ်သည်။ တရားဟောကြားချက်အား ရုပ်သံနှင့် ပူးတွဲယှဥ်ကာ ထုတ်လုပ်တတ်ကြသော်လည်း စာအုပ်စာပေ ထုတ်ဝေမှုအပိုင်းတွင်မူ အသံအဖြစ် အဆင့်မြှင့်ရန်အတွက်မူ တုန့်ဆိုင်းနေတတ်ကြသည်မှာ ခရီးတာ ကြာရှည်လှပြီဖြစ်သည်။

ဆိုသို့ကြောင့် နှစ်ဆွေးအထည်စုတ်ကြီးအား တန်ဆာသစ်စနစ် ကူးပြောင်းရန် လမ်းစဖော်ဆောင်လိုက်ရခြင်းပင်။ စာပေဖတ်ရှုသည့်စနစ်မှ နာယူသည့်စနစ် (Audio)သို့ ကူးပြောင်းခြင်းဖြစ်သည်။ ဤကား စကားချပ်။

Audio အသံအလှူရှင် / အသံအားဖြင့် မျိုးစေ့ကြဲသူ ခေါ်ဖိတ်ခြင်း

လိုအပ်ချက်
- ခရစ်ယာန်ဖြစ်ရမည် (နှစ်ခြင်းခံပြီးသူသာ)
- အသံအားဖြင့် မျိုးစေ့ကြဲခြင်းအား စိတ်အားထက်သန်သူ ဖြစ်ရမည်
- စာပေနှင့် အမှုတော်လုပ်ငန်း ဆက်စပ်ပုံကို သိရှိသူ ဖြစ်ရမည်
- ခရစ်ယာန် စာပေလုပ်ငန်းအား တီးခေါက်မိသူဖြစ်ရမည်
- စာဖတ်များသူ ဖြစ်ရမည်
- အသံ ကြည်လင် ပြတ်သားသူ ဖြစ်ရမည်
- ကွန်ပျူတာ၊ ဟန်းဖုန်းရှိသူဖြစ်ရမည်
- ကွန်ပျူတာ၊ ဟန်းဖုန်းနှင့် စပ်ဆိုင်သော Software, Applicationပိုင်းတွင် တီးမိခေါက်မိသူ ကျွမ်းကျင်သူ ဖြစ်ရမည်
- အသံလှူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်လျှင်မူ ပို၍ အဆင်ပြေပါသည်
- အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ
(၁၆နှစ်အထက် ပို၍ လိုအပ်)
- ကျား/ မ အရွယ်မရွေး လျှောက်ထားနိုင်သည်
- အနည်းဆုံး ၆လ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်

အကျိုးခံစားခွင့်
- ခရစ်ယာန် စာအုပ်စာပေကောင်းများ ဖတ်ရှုလေ့လာခွင့်
- Audioပိုင်းနှင့် ဆက်စပ်သည့် Trainingများ တက်ရောက်နိုင်ခြင်း
- အကြောင်းအားလျော်စွာ Love Giftရရှိနိုင်ခြင်း
- လုပ်ငန်းပိုင်းတွင် လိုအပ်သည့်အရာများအား ထောက်ပံ့ခံရခြင်း
- ခရစ်ယာန် စာပေ အဝန်းအဝိုင်း၏ အလုပ်လုပ်ပုံကို သိရှိနိုင်ခြင်း

အရေအတွက် 
အကန့်အသတ်မရှိ

ဆက်သွယ်ရန်
- Thang No 
https://www.facebook.com/thanglay