ခရစ်ယာန်စာပေနှင့် ဆက်စပ်လုပ်ငန်း

စာပေလုပ်ငန်းဟာ ကွန့်မြူးနိုင်စွမ်းအားပေါ်မူတည်ပြီး အလုပ်ဆက် တာသွားနိုင်ပါတယ်။

ခရစ်ယာန်စာပေလုပ်ငန်းလည်း ထိုနည်း၎င်းပါပဲ။
စာမူကနေ ရုပ်ရှင်အဆင့်ထိ ကူးပြောင်းနိုင်ပါတယ်။
ကြားခံ အဆင့်အနေနဲ့၊  ဇာတ်ညွှန်း အဆင့်၊ Dialougeအဆင့်၊ ပိတ်ကားပေါ်ရောက်တဲ့အဆင့်ဆိုပြီး အဆင့်အသီးသီး ရှိကြပါတယ်။
Animationတွေကိုလည်း လျှော့တွက်လို့ မရသလို Comicရုပ်ပြကိုလည်း ပေါ့သေးသေး တွက်လို့ မရပြန်ပါဘူး။
ပန်းချီရုပ်ပြလုပ်ငန်းကိုလည်း အလေးထားရမှာပါ။
ခေတ်က ရွေ့လျားနေပါတယ်။
စာအုပ်ထဲက ဇာတ်ကောင်ကို စာအုပ်ထဲမှာပဲ ထားကြတော့မှာလား။
စာအုပ်ပါ အကြောင်းအရာနဲ့ ဆက်စပ် လုပ်ငန်းကိုရော မဖြန့်ကျက်နိုင်တော့ဘူးလား။
အခု​တွေးဆပြတဲ့အကြောင်းအရာက ခရစ်ယာန် စာပေလုပ်ငန်းပိုင်း စိတ်အားထက်သန်သူတွေအတွက် စာပေဆိုင်ရာ အခွင့်အလမ်းဆိုရင်လည်း မမှားသလို စာပေဆိုင်ရာ ဆက်စပ် အခွင့်အလမ်းဆိုရင်လည်း မမှားပြန်ပါဘူး။
ခရစ်ယာန် စာပေလုပ်ငန်းကို တိုးတက်စေလိုတဲ့ ရည်ရွယ်ချက်ရှိသူတွေ ချိတ်ဆက်နိုင်ဖို့ ပေါင်းကူးတခု ဖွင့်ချင်ပါတယ်။
စာပေလုပ်ငန်းပေါ် အမှီပြုပြီး အာရုံခံစားနိုင်မှုပိုင်း၊ လုပ်အားပိုင်း၊ ထုတ်လုပ်မှုပိုင်းဆိုပြီး နည်းမျိုးစုံနဲ့ စာပေလုပ်ငန်းကို သရုပ်ဖော် ကွန့်မြူးနိုင်ပါတယ်။
ဘုရားကျောင်းမှာ တံမြက်လှည်းတာကိုလည်း အစေခံတာလို့ သုံးနှုန်းရင် လက်တွဲလို့ရပါပြီ။

ဖောင်ဖြည့်ရန်