လူမှုဒါန စုပေါင်းကဗျာ ထုတ်ဝေခြင်းအစီအစဥ်

 


Theme

- ကဗျာစာအုပ်၏ Themeမှာ Charityဖြစ်ပါသည်

- Devoship Journalတွင် ဖော်ပြခဲ့သော ကဗျာများအား စာမူအနေဖြင့် (၂ပုဒ်)ပေးပို့နိုင်ပါသည်


ကဗျာရွေးချယ်မှုအပိုင်း

- ကိုယ်တိုင်ရေးသားထားသော စာမူဖြစ်ရမည်

- ကူးယူထားသောစာမူ မဖြစ်စေရ

- အခြားသော မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ မီဒီယာတွင် ဖော်ပြပြီးသော စာမူများ လက်မခံပါ

- စာမူနှင့်ပတ်သက်၍ ပြဿနာတစုံတရာရှိလျှင် စာမူရှင်နှင့်သာ သက်ဆိုင်သည်

- ကလောင်ရှင်တယောက်လျှင် ကဗျာစာမူ အပုဒ်ရေ (၄)ပုဒ် ပို့ခွင့်ရှိသည်

- E-mail ဖြင့် ပေးပို့ပါက Word File ဖြင့်သာ ပေးပို့ပါရန်၊ ကွန်ပျူတာ ပြည်ထောင်စုဖောင့် စာစီမူ ၁၁ ပွိုင့်ဖြင့် ၄ မျက်နှာမှ ၁၀ အထိသာ လက်ခံမည်

- အယ်ဒီတာ စိတ်ကြိုက်ဖြစ်သော ကဗျာ(၂)ပုဒ်အား ရွေးချယ်ပါမည်

- တည်းဖြတ်သင့်သည် ထင်သည့် ကဗျာစာမူအား တည်းဖြတ်ခွင့်ပေးရပါမည် (ညှိနှိုင်းမှုရှိပါမည်)

- ရွေးချယ်ခံရသော ကဗျာစာမူအား ကလောင်ရှင်ထံ အသိပေးအကြောင်းကြားသွားပါမည်


ကဗျာစာမူ ပေးပို့ရန်

- Devoship Journal၏ Chat Boxသို့လည်းကောင်း devoship.journal.mm@gmail.com, devoshipjournal@yahoo.comသို့လည်းကောင်း လိပ်မူပြီး စာမူပေးပို့နိုင်ပါသည်


စာမူနောက်ဆုံးလက်ခံမည့်ရက်

- ဂျူလိုင် ၃၁၊ ၂၀၂၁ခုနစ် (ညနေ ၄နာရီ)


ကဗျာစာအုပ်ဖြန့်ချိမည့်ပုံစံ

- Pdfနဲ့ pubfile (ebook)နှင့်သာ ဖြန့်ချိမည်

- စာအုပ် Download Linkအား တခါတည်း ပေးထားမည်


လှူဒါန်းမည့် ပုံစံ

- စာအုပ်အား Downloadချပြီး အလှူငွေ ကြိုက်သလောက် ထည့်နိုင်သော အစီအစဥ်ပြုလုပ်ပါမည်

- စစ်ဘေးရှောင်၊ ကိုဗစ်ဒုက္ခသည်၊ Oxygenဗူးအရေးကိစ္စအား ထဲထဲဝင်ဝင်ပြုလုပ် လှုပ်ရှားနေသူများ၏ တိုက်ရိုက်ဖုန်းနံပတ် (Kpay, CBpay, Wave Money, etc...)အားဖြင့် လှူဒါန်းမှုကို တိုက်ရိုက်ပြုလုပ်သွားစေပါမည်


အယ်ဒီတာ

Devoship Journal၏ ကဗျာအယ်ဒီတာ (၂)ယောက်က

Charityကဗျာစာအုပ်၏ စာမူပိုင်းအား တည်းဖြတ်ပေးသွားမည် ဖြစ်ပါသည်