၁။ ၁ပေ ၁:၂၄ - ၂၅
လူမျိုးရှိသမျှသည်လည်း မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။
ကမ္ဘာပေါ်မှာ ရှိတဲ့လူမျိုးတိုင်းဟာ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ မြက်ပင်လိုပါပဲ။ မြက်ပင်ဆိုတာ အနိမ့်ကျဆုံး အသုံးဝင်မှုအနည်းဆုံး တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။ ငါတို့က သာကီနွယ်၊ စော်ဘွားမျိုး၊ ဘာမျိုးညာမျိုး၊ အားလုံးက ဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာ မြက်ပင်လိုပါပဲ။ လူမျိုးတိုင်းရဲ့ ကိုယ်ပိုင် အထွဋ်အမြတ်ထားရာ ဘာသာစကား၊ ယဉ်ကျေးမှု၊ အမွေအနှစ်တွေက ဘုရားသခင်ရဲ့ရှေ့မှောက်မှာတော့ မြက်ပွင့်လိုပါပဲ။
၂။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။
လောကမှာ လူမျိုးကြီး ကိန်းကြီးခန်းကြီး ဖြစ်နေပါစေ ယေရှုခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်မခံဘဲ သေလွန်သွားရင် ထာဝရအပါယ်ငရဲကို ရောက်ရမှာဖြစ်ပါတယ်။ ဒုစရိုက် လောကကြီးကို မီးနဲ့ဖျက်ဆီးတဲ့အခါမှာတော့ လူအမျိုးမျိူးရဲ့ တန်ဖိုးထားရာ အမွေအနှစ်များအားလုံးဟာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
၃။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။
ဘုရားသခင်ဟာ Omin Presence ဘုရားဖြစ်သလို သူ့နှုတ်ထွက်စကားဟာလည်း မပြောင်းမလဲ ထာဝရတည်တံ့ပါတယ်။
ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
ဧဝံဂေလိတရားဆိုတာ
၁။ အပြစ်သားတွေအတွက် သခင်ယေရှုအသေခံ အပြစ်ကြွေး ပေးဆပ်ခြင်း
၂။ အာဒံနဲ့အတူပါလာသော အပြစ်တရား ကျိန်ခြင်း၊ အမင်္ဂလာအားလုံးကို သခင်ယေရှုနဲ့အတူ သင်္ဂြိုလ်ပေးခြင်း
၃။ သေခြင်းမှ ရှင်ပြန်ထမြောက်သော ယေရှုဘုရား၏ မေတ္တာ ကယ်တင်ခြင်းကျေးဇူးကို ယုံကြည်လက်ခံခြင်း ဖြစ်ပါတယ်။
ယနေ့ ကျနော်တို့ရဲ့ ရပ်တည်မှုဟာ လောကအရာအပေါ်မှာ မဟုတ်ပါဘဲ ဧဝံဂေလိတည်းဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်၌သာ တည်မှီမှုဖြစ်စေပါ။ အာမင်။
Saw Winner
(စာရေးသူသည် ဓမ္မရေးရာစာစုများ ရေးသားနေသူဖြစ်သည်)
ရှင်းလင်းချက် - Omin Presenceဟူသည် နေရာတိုင်းတွင် တချိန်တည်း တပြိုင်နက်တည်း ဘုရား၏ တည်ရှိခြင်းအား ဆိုလိုရင်း ဖြစ်သည်။
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo