ဆု​တောင်း​ကောင်းတဲ့အရွယ်

ရေ​တွေသိပ်ရှားတုန်းက
တပတ်မှာ တခါလာတဲ့ရပ်ကွက်​ရေကို  ​မျှော်ခဲ့ကြ
​မျှော်တဲ့​ရေဟာ ဟိုးအ​ဝေးကြီးက​နေ ရပ်ကွက်​ထိ​​
ရေ​တွေရောက်လာရင် အရမ်း​ပျော်တယ်
မ​ပျော်ရွှင်ရတာ ကြာ​တော့ ​
မျှော်​မျှော်ပြီး​ရခဲ့တဲ့​ပျော်ရွှင်ခဲ့ပုံ​တွေ စဥ်းစားမိတာ​ပေါ့

​ဘယ်​တော့​ရောက်မလဲ
​ပျော်ရွှင်သင့်တဲ့လူ​တွေအတွက် သတင်း​ကောင်း
တောတောင်​တွေ ဘယ်​လောက်ဖြတ်သန်းရမလဲ
စည်းအတိအကျရှိသလား
​​​ပျော်ရွှင်ခြင်းခြောက်​သွေ့​နေတဲ့ လူ့ပတ်ဝန်းကျင်ဟာ ​
နေသာလည်း ​နေ​ရောင်မရဘူး မိုးရွာလည်း မိုးမရဘူး
ရတဲ့ဒုက္ခနဲ့ ငါတို့​ကျောရိုးက နာကျည်းစရာ​တွေ

​​ရှင်သန်ရဲ​နေ​သေးတဲ့ စိတ်ဓာတ်သာကျန်​တော့တယ်
ပြန်လည်ရှင်သန်​စေမယ့် မျိုး​စေ့မှန်ပါ​စေကွယ် ။


ဆလိုင်းနံရံ

(ကလောင်ရှင်သည် ကဗျာရေးသူတဦးဖြစ်သည်)

Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo