ခေတ်ပျက်ကြီးထဲ တယောက်နဲ့တယောက် သတိရတဲ့အခါ
သာယာလှပတဲ့အနာဂတ်မှာ ချိန်းဆိုအလွမ်းဖြေကြတာပေါ့
လူညံ့တွေစင်ပေါ်တက်လာရင်
ဒုက္ခတောကြောင် ရန်က တယောက်မှပြေးလွတ်လို့မရဘူး
တယောက်နဲ့တယောက် သတိရရင်
ပြန်တွေ့ရမယ့်နေ့အတွက် ပိုသန်မာဖို့ လိုတယ်
အဆိုးဆုံးကာလတွေ ဖြစ်လာရင်
တယောက်နဲ့တယောက် သတိရရင်း
သာယာလှပတဲ့အနာဂတ်မှာပဲ ချိန်းဆိုကြတာပေါ့
ဒီလို တယောက်ကို တယောက် သတိရတိုင်း ပိုသန်မာတဲ့လူတွေ ဖြစ်လာကြမယ်
ပြီးရင် ချိန်းဆိုတဲ့နေရာမှာ ပြန်ဆုံကြမယ် ။
ဆလိုင်းနံရံ
(ကလောင်ရှင်သည် ကဗျာရေးသူတဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo