Life Essay

ကိုယ့်မှာမရှိတိုင်း 

သူတပါးရှိခြင်းကို မကဲ့ရဲ့သင့်ဘူး

ကိုယ်ရှိတိုင်းလည်း 

မရှိသူကို အထင်မသေးသင့်ဘူး 


ကိုယ်မပိုင်ဆိုင်တိုင်း

သူများပိုင်ဆိုင်မှုကို ဝန်မတိုသင့်ဘူး

ကိုယ်အပိုင်ရထားလည်း 

မပိုင်ဆိုင်တဲ့သူကို

မထီမဲ့မြင် မပြုသင့်ဘူး 


ကိုယ်မကြုံဖူးတိုင်း 

နာကျင်နေသူကို ဟားတိုက်မရယ်သင့်ဘူး

ကိုယ်ခံစားရတယ်ဆိုတိုင်းလည်း

ကိုယ့်အပေါ်နားလည်မပေးနိုင်သူကို

ဗွေမယူသင့်ဘူး 


ကိုယ့်ဆုတောင်းချက် အဖြေမရတိုင်း

ဆုတောင်းပြည့်သူကို မျက်စောင်းမထိုးသင့်ဘူး

ကိုယ့်ဆုတောင်းချက် ပြည့်နေတိုင်းလည်း

အဖြေမရတဲ့သူကို မပုတ်ခတ်သင့်ဘူး 


ကိုယ်ရတာမှ ကောင်းချီးအစစ်လို့

ထင်တတ်ရင်

သူများရနေတာတွေကလည်း 

ဘုရားဆီကလာတဲ့ ကောင်းချီးတွေပဲဆိုတာ 

လက်ခံတတ်ရမယ် 


ဘုရားက ကိုယ့်ကို မထိုက်မတန် အသုံးပြုနေသလို

သူ့ကိုလည်း ဘုရားက မြေမှုန့်ထဲကနေ ရွေးနှုတ်ပြီး 

ချီးမြှောက်နိုင်တယ်ဆိုတာ ဆင်ခြင်ပါ 


ဘုရားက ကိုယ့်ကိုမှ အချစ်ဆုံးလို့ 

မာန်တက်နေတတ်ရင် 

သူ့ကိုလည်း ဘုရားက အသက်ပေးချစ်တယ်တယ်ဆိုတဲ့

သမ္မာတရားကို နှိမ့်ချစွာ သတိရလိုက်ပါ 


ကိုယ့်ယုံကြည်ခြင်း levelမြင့်တယ်ဆိုပြီး

မာန်မာနတက်လာတဲ့အခါ 

ကိုယ်တိုင် ယုံကြည်ခြင်းအားနည်းခဲ့ဖူးတဲ့ 

သင့်ရဲ့ဝိညာဉ်ရေးရာ နုနယ်စ အတိတ်ကာလကိုလည်း 

ရူးချင်ယောင်ဆောင်ပြီး ဘဝမမေ့ပစ်ပါနဲ့


လူတိုင်းဟာ တနေ့စာဖြတ်သန်းရတဲ့

ရုန်းကန်မှု levelတွေ မတူညီကြသလို

ရင်ဆိုင်တုန့်ပြန်ရတဲ့ ဗျူဟာတွေလည်း မတူကြဘူး


ဒီလိုပါပဲ

စိတ်အာဟာရအတွက် သုံးဆောင်ရမယ့်

ဓာတ်စာတွေလည်း ခြားနားကွဲပြားတတ်မှာဖြစ်သလို

ဝိညာဥ်အာဟာရအတွက် ​ဖြည့်စွက်ရမယ့်

ဝမ်းစာတွေလည်း သူ့လိုအပ်ချက်နဲ့သူ

တဦးနဲ့တဦး မတူညီနိုင်ကြလို့ပါပဲ ။


မာရီယာ


ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 795 718 428 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo