ဒါပေမဲ့

အမှားမကင်းတဲ့ လောကကြီးမှာ ဒါပေမဲ့ဆိုတဲ့စကားလုံးက အမြဲရှိနေမှာပါ။ လူတိုင်းက ကိုကိုယ်တိုင်ရွေးချယ်ထားတဲ့အရာတခု မှားယွင်းလာတဲ့အခါ ဘယ်သူ့ကြောင့် ဘာကြောင့်ဆိုတာကို အမည်တပ်လာကြသလို ကိုယ့်အမှားကိုလည်း မမြင်တတ်ကြသလိုမျိုး ပြုမူတတ်ကြပါတယ်။ ဒါပေမဲ့ဆိုပြီး အပြစ်လွတ်အောင်ပြောမဲ့စကားတွေကို ရွေးချယ်တတ်ကြတယ် မဟုတ်လား။

ဒါပေမဲ့ဆိုတဲ့စကားလေးကို လူတိုင်းပြောတတ်၊ သုံးတတ်ကြပေမဲ့ ကောင်းတဲ့ဘက်က သုံးတဲ့လူက တကယ်ရှားပါတယ်။ ဒါပေမဲ့ ဆိုတဲ့စကားက အကြောင်းပြချက်ပေးရမဲ့ စကားတခွန်းပဲ။ ဘယ်နေရာရဲ့ ကောင်းတဲ့ဘက်မှာ သုံးရမလဲလို့တွေးမိကြမှာပါ။ တွေးကြည့်ရအောင်။ သူတပါးကိုခွင့်လွှတ်ရတဲ့အခါမှာရော သုံးလို့မရဘူးလား။ သိပ်ရတာပေါ့။ တဖက်မှာအပြစ်ရှိမှန်းသိတယ်။ အမှားလုပ်ခဲ့တယ်။ ဒါပေမဲ့ ငါကခွင့်လွှတ်ပါတယ်လို့ပြောလို့ရပါတယ်။ တယောက်ယောက်က ကိုယ့်အပေါ်မကောင်းတာ တခုခု လုပ်ထားတဲ့အခါ သူ့အပြစ်သူမြင်အောင် မိတ်ဆွေအနေနဲ့ပြောလို့ရတယ်။ ဆဲဆိုပြီးပြောမဲ့အစား "မင်း ငါ့အပေါ်ဒီလိုလုပ်ခဲ့တာ မင်းမှားတယ်။ ဒါပေမဲ့ မင်းကိုငါခွင့်လွှတ်ပါတယ်။ ငါခွင့်လွှတ်ပေမဲ့ မင်းကတော့ ကိုယ်ဘာမှားလဲဆိုတာသိမြင်အောင်ပြန်ကြည့်ပါ" ဆိုပြီး ပြန်လမ်းညွှန်​ပြလို့ရပါတယ်။ တယောက်ယောက်က မင်းကိုမကောင်းတာလုပ်ဖို့ ဆွဲဆောင်တာမျိုးဆိုရင်လည်း ဒါပေမဲ့ဆိုတဲ့စကား မင်းသုံးလို့ရပါတယ်။ ဥပမာ အရက်သောက်ဖို့ခေါ်တဲ့အခါမျိုးတွေမှာ "မင်းက ငါ့ကို ခင်လို့ခေါ်တာငါသိပါတယ် သူငယ်ချင်း။ ဒါပေမဲ့ အရက်ဆိုတာ မကောင်းဘူး။ မင်းလည်းမသောက်ပါနဲ့။ ငါလည်းအရက်ဆိုင် မသွားဘူး"ဆိုပြီး အဆင်ချောတဲ့စကားနဲ့ငြင်းမဲ့အစား "ငါမသောက်ဘူးလို့တွေးထားတာပဲ။ ဒါပေမဲ့ မင်းလာခေါ်တော့လည်း သွားကြတာပေါ့"ဆိုပြီး တချို့က သုံးလာတတ်ကြတယ်။ 

အမှားမကင်းတဲ့လောကကြီးမှာ အကြောင်းပြချက်အတွက် ဒါပေမဲ့ဆိုတာ လိုအပ်လာရင် သင့်အနေနဲ့ အမှားတွေနဲ့ကမ္ဘာကြီးအတွက် ဒါပေမဲ့ဆိုတဲ့ စကားနဲ့အမှန်ပြင်နိုင်ပါစေ သူငယ်ချင်းရေ ... ။


မာန်လေးနွယ်

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 250 383 754 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo