လက်ခုပ်တီးသံနောက်လိုက်တဲ့
အစေခံမှုတွေက
မျက်ကွယ်ရာမှာတော့
အထက်စီးဆန်နေကြလေရဲ့...
ခေါင်းအစ ခြေအဆုံး
အကြည့်တွေခြုံ၊ မျက်နှာဖုံးစွပ်
အပြုံး(တု)တွေနောက်က
အငြိုးတွေနဲ့ အမုန်းတရားတွေက
ကြောက်စရာ..
လေးသောဝန်တွေ ထမ်းလို့
ခွင့်မလွှတ်ခြင်းနဲ့ ‘ပဌနာ’ ကိုအစချီလည်း
ဂုဏ်တော်သီချင်းတွေက အနှစ်မဲ့နေနှင့်ပြီ..
ယုံကြည်ခြင်းတွေ အဆင့်အတန်းခွဲရင်း
အလှူငွေတွေပြိုင်ကြတဲ့ ဒီအိမ်တော်ထဲ
ငါ့ဝိညာဉ်မပျော်ဘူး.... ။
L.R.ထား
(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo