နှစ်သိမ့်ပေးနေတဲ့ ဆုတောင်းခြင်းတွေ

ငိုသံတွေ မစဲနိုင်သေးတဲ့ နှုတ်ကို လွှတ်ချချင်ပြီ

ကျစ်ကျစ်လစ်လစ်ဆုတ်ကိုင်ထား သလိုဖြစ်နေတဲ့ မောပန်းမှုတွေ

အလဲလဲအပြိုပြို လွှတ်ချလိုက်ချင်ပြီ

ကိုယ့်အသက်ကို စိတ်မချရတဲ့ကာလမှာ 

ဘယ်သူကငြိမ်သက်ခြင်းအကြောင်း 

စိတ်ရှည်လက်ရှည် ပြောထွက်ပါ့မလဲ

ဆုတောင်းပေးနေပါတယ် ဆိုတာက

အနွေးထွေးဆုံးသော နှစ်သိမ့်ခြင်းတွေပါပဲ။


ငရဲသားတွေ မရှိတော့တဲ့ ငရဲပြည်

မေတ္တာတွေ မသိုလှောင်နိုင်တော့တဲ့ စိတ်တွေ

ငရဲသားက လူ့ပြည်ရောက်လာပြီး

ကိုယ့်အိမ်ရှေ့မှာ လာလာပြုံးပြတာတွေ

ကပ်ဘေးယောင်ဆောင်ထားတဲ့ မိစ္ဆာဒိဋ္ဌိနှင့် မိတ်ဖွဲ့ခြင်းတွေ

ပရမ်းပတာဖြစ်နေတဲ့ လူ့စရိုက်တွေအတွက်

အမှုတော်ဆောင်တွေ ဆုတောင်းလို့ 

မတိုးတော့ဘူးတဲ့လား

အဲဒီဆုတောင်းခြင်းတွေကို 

လူဘယ်နယောက် ယုံကြည်ကြလို့လဲ။


မကြားမလပ်ဆုတောင်းခြင်းတွေဆိုတာ

ကာကွယ်ဆေးတွေလေ။


ဆုတောင်းပေးနေပါတယ်ဆိုတာက

အနွေးထွေးဆုံးသော နှစ်သိမ့်ခြင်းတွေပါပဲ။


လောင်ပါး

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 450 542 965 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo