အပိုအက္ခရာ

ဇာတိစရိုက်၊  သက်ရှင်ခိုက်မှာ

တစေထွန်းတောက်၊  သဘောကောက်တို့

သမ္မာစကား၊  ကြားဖန်များလည်း

မဖြူမငန်၊  ဆားမမှန်ခဲ့

မှောင်ထဲမှေးမှိန်၊  လင်းမထိန်ခဲ့

ဘဇာကြောင့်များ၊  ထိန်းမှန်ထားခဲ

ခက်တာလဲ ...။


ဆန်းစစ်ဆင်ခြင်၊  ပြန်စီရင်သော်

အတ္တရှေ့တိုး၊  'ငါ'တစ်မျိုးဖြင့်

ပျံဝဲထိုးမြှင့်၊  တလွဲနှင့်မို့

ချို့တဲ့မေတ္တာ၊  စာအမှားမှား

အများရှေ့၌  'ငါ'တစ်လုံးစိုက်

'ငါ'တစ်လုံးပိုခဲ့သောကြောင့် ...။


လူထုံ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 972 860 867 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo