ဂျင်း

ရေကို စပျစ်ရည်ပြောင်းသောက်ကြသူတွေ 

အနံ့ရတယ်၊ အရသာ ရှိတယ်နဲ့ 

ရမှာပေါ့ ကိုဗစ်မှ မဖြစ်သေးတာ ...


ငွေပြောင်း ငွေပွားကြသူတွေ

ဟေး... တကယ်ပွားတယ်ဟဲ့၊ ငါးရာတန်က ငါးထောင်ဖြစ်သွားပြီတို့

ဖြစ်မှာပေါ့ အေတီအမ် တန်းစီကာလ၊ ကိုဗစ်ကာလမှ မကြုံရသေးတာ ...


စင်မြင့်ထက်က အနာငြိမ်းတွေ

တဟေးဟေး တဝါးဝါး အိုးမိုင်ဂေါ့၊ ဖရေးစ်ဒလော့တွေ

ဟန်လုပ်နိုင်မှာပေါ့ ကိုဗစ်မှ မရောက်သေးတာ ...


တကယ်ကြုံတဲ့အခါ

စပျစ်ရည်မပြောနဲ့ ကြက်ဥတောင်ဝယ်မရဘူး

ဆေးဖိုးလေဖိုး ငွေအကြေမရှင်းနိုင်ကြဘူး

မိုးလင်းမိုးချုပ် အာရ်အိုင်ပီတွေက မမြင်ချင်အဆုံး 

ဆို့နင့်ဖွယ် အရှိတရားပါပဲ 


ဒီမယ် ကိုရိုနာနဲ့စစ်ရေးနဲ့စမ်းတဲ့ပွဲမှာ

အညတရ သင်းအုပ်တွေ 

(ခင်ဗျားတို့ပြောတဲ့ ယုံကြည်အားနည်းသူတွေပေါ့)

အသင်းတော်အသိုက်အဝန်းက လူတွေက

ရှိတာလေးနဲ့ ကိုယ်ထူကိုယ်ထ လုပ်နေရ

ရေကိုစပျစ်ရည် ပြောင်းမယ်လို့မကြွေးကြော်ဘူး

ငွေတွေအထပ်လိုက် ပွားစေမယ်လို့ ဆွယ်မဟောဘူး

အနာမှန်သမျှ အာမင်နဲ့မကုဘူး

အရှိတရားပေါ်မှာခံရပ်

စင်ပေါ်မှာ နေရာမယူသမျှ

စင်အောက်က လိုတဲ့နေရာဝင်ကူတယ်

တပါးသူကိုကယ်ဆယ်ရင်း ကိုယ့်အသက်ကို စတေးကြ

ဒီထက်ကြီးမြတ်သောချစ်ခြင်းမရှိဘူးရယ်လို့

သခင်လည်းမိန့်ခဲ့ပါတယ်မဟုတ်ပါလား ...


မလိုတဲ့အချိန် စွာသလောက်

လိုနေချိန်မှာ တယောက်မှ ပေါ်မလာ၊ 

မီးနဲ့စမ်းတဲ့အခါ ရွှေစစ်မစစ်ပေါ်လာတယ်

အကြပ်အတည်းကာလလွန်မြောက်ရင်

အလဘာရှာလာနဲ့ သူတို့လာကြဦးမယ်

မျက်နှာစပ်ဖြဲဖြဲနဲ့ လှူသမျှငွေမယူမှာလည်း မပူကြပါနဲ့


အရင်က မပြောခဲ့သမျှ 

ခုပြောသင့်လို့ ပြောပြီဆို မနာကြနဲ့

ခေတ်စကားနဲ့ပြောရရင် 

မင်းတို့ဟာက 

ခေါင်းစဉ်အတိုင်းပဲ။


ကိုဂျေ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 796 599 738 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo