သတ္တတွေစုံညီတဲ့
အတ္တတရားပွဲ
အနတ္တသင်ခါရတရားထဲ
ဘောင်မဝင်သေးတဲ့ စကားလုံးတွေ
လူ့အကြိုက် လောကအကြိုက်
စာတန့်အကြိုက် ဒုစရိုက်အမိုက်
ဒွန်တွဲနေတဲ့ သမုဒ္ဓယလွန်ဆွဲပွဲတွေမှာ
ဆဋ္ဌမအာရုံလှိုင်းပိုင်ရှင်
လူသားတွေကတော့
အတတ်ပညာဆိုတဲ့
သိပ္ပံသော့တချောင်းနဲ့
လောကရဲ့တံခါးတွေကိုဖွင်လှစ်
"သြော်... တယ်ဟုတ်တဲ့ငါတို့ပါလားလို့"
ကြွေးကြော်သံကုန်ဟစ်
မမောနိုင်ရှာကြသေးဘူး။
နှစ်ဆယ့်တရာစုနှစ်မှာ
ကမ္ဘာကြီးကို လိုသလိုပုံသွင်း
နဖားကြိုးထိုးယူကြဖို့
မာန်သွင်းဟန်ပြင်နေစဥ်မှာ
သခင့်အလိုနဲ့စာတန့်အလို
ဘယ်အရာက တရားလဲ
ဘယ်အရာက အမှားလဲ
ဆုံးဖြတ်ချက်က မပြတ်သားသေး
အပြစ်သားအတွေးထဲမှာကတော့
အသိနဲ့အရှိအခြေအနေရဲ့
ကွာဟမူရဲ့မညီမျှခြင်းသဘော
တွေးတောလို့ဆင်ခြင်
ကမ္ဘာကြီးလည်း
အရောင်စုံစွန်းခဲ့ပြီ။
ဒါပေမဲ့
စျေးကွက်စီးပွားရေးစနစ်နဲ့
အံမဝင်သေးတဲ့
အမှုတော်ဆောင်စျေးကွက်မှာတော့
ယောရှု၁း၉ ကိုဖတ်ရှု
မဿဲ ၁၁း၂၈နဲ့အားယူပြေး
ခေတ်သစ်စနစ်သစ်နဲ့
ပုံပြောင်းလာတဲ့ကမ္ဘာကြီးမှာ
ပုံဟောင်းနေသေးတဲ့ဓမ္မဆရာဘဝ
အရောင်မှိန်မဖျော့တော့သွားဖို့
ဝိညာဥ်အာဟာရဖြစ်တဲ့
သမ္မာကျမ်းနဲ့
အားယူနေဆဲပါလေ။
ထီးခူ (ကယ်တင်ခြင်းတပ်)
(ကလောင်ရှင်သည် ကဗျာ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသူတဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo