အမြင်မှန်ဖို့အတွက် အမှန်မြင်ဖို့လိုတယ်
ဇာတိနဲ့မရဏာအကြားက ဇရာခရီးလေးသွားနေရတုန်းမှာ
ကျနော်တို့စီးထားကြတာက မသာရထားမဟုတ်ဘူးနော်
ခန္ဓာဆိုတဲ့ကွန်းခိုရာ ယာယီအငှားအိမ်လေးပါ
အိမ်လေးမှာနေစဥ်တုန်းလည်း ပေးလိုက်ရတဲ့လခ မနည်းမနောပဲမဟုတ်လား
တော်ကြာရေဆာ တော်ကြာဗိုက်ဆာ
တော်ကြာဟိုနားပျက် တော်ကြာဒီနားပျက်နဲ့
ပြုမဆုံး ပြင်မဆုံး ဘယ်လောက်ရုန်းရုန်း
အချိန်တန်တော့လည်း ဂျုံးဂျုံးကျတာပါပဲ
ဘယ်လိုပဲဖြစ်ဖြစ်ပါ အရမ်းမလောပါနဲ့ အလှည့်နဲ့သွားကြရမှာပဲကို
အခုတော့ခန္ဓာလေးကို ပြုစုအသာယုယုရရလေးထားပါဦး
မောရင်လည်းနား ဆာရင်လည်းစားပေါ့
ဘဝတဏှာရသကဗျာက အဆုံးမှမသတ်တတ်သေးတာကိုး။
ထီးခူ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 772 998 764 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo