အဖြစ်ကတော့
ဆူးကြားက ဘူးခါးပါပဲလေ
နှင်းခါးချွေလို့ ဘဝတွေကြွေကြွေနေတော့
လှုပ်လေ မြုပ်လေ
ရှင်းလေ ရှုပ်လေ
မန်းလေ ပြဲလေနဲ့
တောင်းလေ ဂွမ်းလေ ဖြစ်မလားပဲ
နစ်နေတဲ့နွံထဲ
တခါတခါ ဘုရားမှရှိပါသေးရဲ့လားလို့
သင်တွေးမိရင်
အခါခါ လဲလဲကျရင်း
တောက်ရာက မွဲမွဲသွားကြတဲ့
ဣသရေလတွေရဲ့ယုံကြည်ခြင်းကိုသတိရပါ
ခါနန်ဆိုတာ
ယုံကြည်ခြင်း အိုမင်းရွတ်တွနေသူတွေအတွက်မဟုတ်
ယုံကြည်ခြင်း ပျိုမြစ်ကြွပ်ရွနေတဲ့လူငယ်တွေအတွက်သာဖြစ်တယ် ။
ထီးခူ
(ကလောင်ရှင်သည် ကဗျာရေးစပ်သူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo